(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကော့ကရိတ်မြို့တွင် ကျင်းပ

ကော့ကရိတ် ဇန်နဝါရီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/ကျောင်းသားများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လှိုင်ဝကျေးရွာ အားကစားကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစား ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရာတွင် ကျား/မ လွန်းဆွဲ၊ ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ စကောရွက်၊ မီတာ ၁၀၀၊ ၂၀၀၊ အားလူးကောက်၊ အလျားခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ ဂုန်နီအိတ်စွတ်၊ ဘောလုံးကန် ကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး လှိုင်ဂအခြေခံပညာအလယ်တန်းကျောင်းနှင့် လိုင်ကွယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတို့မှ ကျောင်းသူကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)