မံစီမြို့နယ်၊ နန့်မဖွဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မံစီ      ဇန်နဝါရီ        ၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် နန့်မဖွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီလ ယမန်နေ့  မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အဆိုပါ နယ်လှည့်အသိပညာပေးလုပ်ငန်းကို ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန်၊ စာကြည့်တိုက် များကို ပိုမိုလာရောက်အသုံးချတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ် ဦးစီးအရာရှိ ဒေါ်မြသက်ဦးက မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်စာပေများအကြောင်း မိတ်ဆက်ရှင်းလင်းကာ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူး၊ လွတ်လပ်ရေးနေ့အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ သည်။ 

နယ်လှည့်အသိပညာပေးလုပ်ငန်းတွင် အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတရသ စာအုပ်စာစောင်များကိုလည်း ဖြန့်ဝေဖတ်ရှုစေခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓါတ်ပုံများ၊ လွတ်လပ်ရေးနေ့အကြောင်းအသိပညာပေး၊ လူကုန်ကူးမှုဆိုင်ရာအသိ ပညာပေး၊ မျောက်ကျောက်ရောဂါ အန္တရာယ်ဆိုင်ရာ အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ ကလေး သူငယ်အလုပ်သမားပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)