ပေါင်းတည် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီကမြို့နယ်မီးသတ်တပ်ဖွဲ့ ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားများအား မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ တစ်လ တွင် စာတွေ့လက်တွေ့ လေ့ကျင့်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက် )