ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

ပဲခူး ဇန်နဝါရီ    ၄

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့  နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို  နံနက်(၄:၂၀) နာရီအချိန်တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် တိုင်းဒေသကြီးအဆင့်   ဌာနဆိုင်ရာများ၊  တိုင်းရင်းသားများတက် ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်ထူသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြု ကြပြီး  ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေး ပြုကြသည်။    

ယင်းနောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်း ပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့်    (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေး သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်( ပြန်/ဆက် )