မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါကျင်းပရာတွင် ယမန်နေ့က ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ ဂုန်နီအိတ်စွပ်၊ ခြေပူးတွဲအပြေး၊ ခေါင်းအုန်းရိုက်၊ ရေငုံမြင်းစီး၊ သံပုရာသီးဇွန်းကိုက်၊ အာလူးကောက်ပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲပေါင်း (၁၁) မျိုးတို့ကို ကျောင်းသားကျောင်းသူများအား ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နိုင်နိုင်လတ်နှင့်ပါမောက္ခ (ဌာနမှူး) ဆရာ၊ ဆရာမကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း