ကံမ ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် မာရသွန် အပြေးပြိုင်ပွဲ၊ မီတာ(၅၀) မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ အမြင့်ခုန် အလျားခုန်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက် ဂုံနီအိတ်စွပ် သုံးချောင်းထောက် မုန့်စားပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများ ပါဝင်ပြီး ဆုရရှိသူများအား ယနေ့ ညနေပိုင်းတွင် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)