သတင်းများ

တောင်ချောင်းကျေးရွာ မီးလင်းရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှု
Jan 05,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းနက်ကုန်းကျေးရွာအုပ်စု တောင်ချောင်းကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်   အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက  တေဇအားကစားခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်  ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ
Jan 05,2023
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ (ကျောက်သားရင်ပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို တောင်ကြီးမြို့၌ ကျင်းပ
Jan 05,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။
မကွေးတိုင်းဒေသကြီးတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၈)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားကွင်းနှင့် မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးခဲ့ကြပြီး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မကွေး)မှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများဖွံ့ဖြိုးမှုပြိုင်ပွဲနှင့်  ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးများဖွံ့ဖြိုးမှုပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
မူဆယ်မြို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာ ဖတ်ကြားခြင်း၊ ပျော်ပွဲရွှင်ပွဲအားကစားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ယနေ့နံနက် ၄ နာရီ မိနစ်၂၀ အချိန်က လေယာဉ်ကွင်းပြင် လွတ်လပ်ရေးကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ပျော်ပွဲရွှင်ပွဲအားကစားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲများကျင်းပ
Jan 05,2023
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့သည်။