မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံကာ
အ-ထ-က (ခွဲ) မြတ်သာကျောင်းသူလေးများက မြန်မာ့အားကစားသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခြင်း၊ Fitness Dance အဖွဲ့မှ တေးသီချင်းများနှင့် ကပြဖျော်ဖြေခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နှင်းမိုးလှိုင်က မြို့နယ်ဘောလုံးဆပ်ကော်မတီသို့ ဘောလုံးများပေးအပ်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာပေါင်းစုံမှ အားကစားသမားများပါဝင်သည့် အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဖွင့်ပွဲအဖြစ် UNITY - FC အသင်းနှင့် F-S-D (FC) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အောင်အောင် (ပြန်/ဆက်)