ကျွန်းစု ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဗိုလ်လုပွဲကို လဲဝါပြင်အသင်းနှင့် ကပအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကပအသင်းက ပါနယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။
ထိုနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် အသင်းများအား ငွေသားဆုများအား ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် နေရာအသီးသီးအလိုက် အကောင်းဆုံးကစား သမားဆု၊ နှစ်သိမ့်ဆု ရရှိသော တ.ရ.ခ အသင်းအား ငွေသားဆု၊ တတိယဆုရရှိသော ကတ္တလူအသင်း၊ ဒုတိယဆုရရှိသော လဲဝါပြင်အသင်းနှင့် ပထမဆုရရှိသော ကပအသင်းတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ စစ်ဦးစီးမှူး ပထမတန်းစစ်ဆေးရေးနှင့် လေ့ကျင့်ရေး ဒုတိယဗိုလ်မှူးကြီး စိုးဟိန်းက ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆု ဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)