သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲ ကျင်းပ

သာပေါင်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲကို ယမန်နေ့က အမှတ် (၂) ရပ်ကွက်၊ စည်ပင်သာယာပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင် အသစ်ရှေ့၌ ကျင်းပသည်။

နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် စည်ပင်သာယာပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင် အသစ်ရှေ့အလံတိုင်တွင် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံတင်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့တို့က နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် ယမန်နေ့ နံနက် ၇ နာရီအချိန် သ၀ဏ်လွှာဖတ်ကြားပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သ၀ဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ဖတ်ကြားပေးခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် အထက်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးကြပြီးနောက် အခြေခံပညာအထက်တန်းကျောင်းသူကလေးများနှင့် တိုင်းရင်းသူကလေးများ အကအဖွဲ့တို့က အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ချောတိုင်တက်ပွဲ၊ မြေပြင်တန်းနှစ်၊ စားပွဲတင်တန်းနစ်၊ ဖူဆယ်၊ တာဝေးပြေး (ကျား-ကြီး) ၊ တာဝေးပြေး (ကျား-လတ်) ၊ တာတိုပြေး (မ-လတ်) ၊ တာတိုပြေး (မ-ငယ်) ၊စက်ဘီးစီး (အနှေး) ၊အာလူးကောက် (ကျား-ငယ်) ၊အာလူးကောက် (မ-ငယ်) ၊ အိတ်စွပ် (ကျား-ငယ်) ၊ အိတ်စွပ် (မ-ငယ်) ၊ ကြက်ခွပ်၊ မုန့်စား (ကျား၊မ) ၊ စကောရွက်၊ ပိုက်ကျော်ခြင်း၊ အပ်နှာဖားထိုးအားကစားပွဲများအား ပြည်သူများတစ်ခဲနက် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲလျက်ရှိကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)