ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ် အားကစားရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံက အားကစား ပြိုင်ပွဲများနှင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကိစ္စရပ်များကို ပြောကြားခဲ့သည်။

ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲကို ကြည့်ရှု့အားပေးခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ဆက်လက်ကျင်းပခဲ့ရာ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ထုတ်ဆီးထိုး၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ အပြေး (မီတာ ၁၀၀)၊ စကောရွက်၊ အားလူးကောက်နှင့် အိတ်စွတ်ပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်နိုင်၊ အဖွဲ့ဝင် ဦးမြဟန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်