ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နေ့လယ် ၁ နာရီကအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ဗဟန်း) ရွှေနန်ယန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက မြို့နယ်စုံညီပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဆုရကျောင်းများနှင့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူလေးများက တစ်ဦးချင်း၊ အဖွဲ့လိုက် အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေကြသည်။
အဆိုပါမြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်သို့ ကမာရွတ်ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အငြိမ်းစားပညာရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)