ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ခန္တီး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူ လေးများက ပညာရေးစုံညီပွဲတော် သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်လှလှမြင့်က အဖွင့်အမှာစကားပြောကြားကာ    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ်ဝန်တန်း အောင်မြင်သူများ၊ မြို့နယ်အဆင့် /ကျောင်းအဆင့် လူရည်ချွန်ဆုရရှိသူများ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား သက်ဆိုင်ရာ ဆရာ/ဆရာမများက ဆုအသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူ လေးများမှ တက်ရောက်လာသောကျောင်းသားမိဘများ၊ ဧည့်သည်တော်များအား အကများ၊ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)