မြောင်းမြ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို ဆောင်ရွက်လျက်ရှိရာ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးများအားတတိယအကြိမ် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး (Bosder Dose) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများတွင် ယမန်နေ့မှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးများအားတတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Bosder Dose) ထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြောင်းမြမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ အခြေခံပညာကျောင်း (၇) ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း (၂) ကျောင်းတို့တွင် လိုက်လံထိုးနှံပေးလျက်ရှိပြီး၊ ယနေ့အထိ ကျောင်းသား/ ကျောင်းသူကလေးငယ် (၁၆၀၀) ဦးကို ထိုးနှံပေးခဲ့ရာ ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ပြီး မြောင်းမြမြို့ပေါ်တွင်သာမကကျေးရွာများရှိ ကျောင်းများသို့ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)