သတင်းများ

ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော် ကသာမြို့ ပတ္တမြားရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးများအား ယမန်နေ့နံနက်ပိုင်း က အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့် သူများအား ဆက်လက်ထိုးနှံပေး
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုသတ်မှတ်ပြီး အသုတ်လိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်
May 29,2022
၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 29,2022
စစ်ကိုင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ(၂၈)ရက်၊ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့၌ ၂၀၂၂-ခုနှစ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရွှေတောင်မြို့နယ်၊
လျှပ်စစ်ဓါတ်အား စတင်ပို့လွှတ်ခြင်းနှင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်
May 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကင်မွန်းဒေါင့်ကျေးရွာနှင့် ဖြူကန်ကျေးရွာသို့ ယမန်နေ့နံနက် ၉ နာရီက ဓါတ်အားစတင်ပို့လွှတ်ခြင်းနှင့် ကင်မွန်းဒေါင့်ကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်စိုး၊ မြို့မစခန်းမှူး၊ မင်းတုန်းလျှပ်စစ်ဓါတ်အားခွဲရုံမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊  သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေးနှင့် ဒေသတွင်း အပူချိန်လျော့ကျလာစေပြီး
ကျိုက်လတ်မြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက်
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။