ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့် သူများအား ဆက်လက်ထိုးနှံပေး

ကျွန်းလှ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုသတ်မှတ်ပြီး အသုတ်လိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးကြောင်း၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းပြင်ပ ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်း‌ဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို