လျှပ်စစ်ဓါတ်အား စတင်ပို့လွှတ်ခြင်းနှင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်

မင်းတုန်း  မေ  ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကင်မွန်းဒေါင့်ကျေးရွာနှင့် ဖြူကန်ကျေးရွာသို့ ယမန်နေ့နံနက် နာရီက ဓါတ်အားစတင်ပို့လွှတ်ခြင်းနှင့် ကင်မွန်းဒေါင့်ကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်စိုး၊ မြို့မစခန်းမှူး၊ မင်းတုန်းလျှပ်စစ်ဓါတ်အားခွဲရုံမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး   လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ကင်းမွန်းဒေါင့်ကျေးရွာတွင် NEP Phase-2 ဖြင့် 11KVA လိုင်း 50KVA ထရန်စဖော်မာ၊ 400V လိုင်းကို တည်ဆောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဖြူကန်ကျေးရွာ မီးလင်းရေးအတွက် 11KVA လိုင်း 200KVA ထရန်စဖော်မာ 400V လိုင်းဖြင့် ဓါတ်အားပို့လွှတ်နိုင်ပြီဖြစ်၍ ကင်မွန်းဒေါင့်ကျေးရွာရှိ အိမ်ခြေ (၁၀၉)အိမ်နှင့် ဖြူကန်ကျေးရွာရှိ အိမ်ခြေ (၁၅၉)အိမ်တို့အား မဟာဓါတ်အားလိုင်း မင်းတုန်းဓါတ်အားခွဲရုံမှတဆင့် ချိတ်ဆက်၍ ကျေးရွာမီးလင်းရေး ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)