သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၁)ကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
လမ်းညွှန်ဆိုင်းဘုတ်များ လမ်းအမှတ်အသားများနှင့် အချက်ပြများ ညွှန်ကြားချက်နှင့်အညီ စိုက်ထူထားရှိမှု ကွင်းဆင်းစစ်ဆေး
Jan 14,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စိုက်ထူထားရှိမှုကို စစ်ဆေးမှုကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊အမက-တပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်၊ အမက-တပ်ဦးကျောင်းခန်းမအတွင်း ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းသူ/သားများ ကာယ/ ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီး မြှင့်ပွဲအခမ်း အနားကို ကျင်းပရာ ရှေးဦးစွာ ကျောင်းသူ/သားများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
မအူပင်မြို့၊ အမှတ်(၉)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) လမ်းသစ်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၉)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်း‌ကျောင်း(ခွဲ) လမ်းသစ်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်းဘောလုံးကွင်းတွင် ကျင်းပသည်။
ပူတာအိုမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 13,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တိကျမှန်ကန်သော လူဦးရေစာရင်းများ ရရှိရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဇန်နဝါရီ(၁၃)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျောက်ကြီးကွက်သစ်ရှိ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။     
ဟိုင်းကြီးကျွန်းမြို့၌ “သီလဝိသောဓနီ ခဏ္ဍ” သိမ်တော်မြတ်ကြီး ကျောင်းလွှတ်ပူဇော်ပွဲနှင့် “ဂုဏဝိသေဋ္ဌပူဇာ” အကြိုဓမ္မသဘင် ဆင်ယင် ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် “သီလဝိသောဓနီခဏ္ဍ” သိမ်တော်မြတ်ကြီး ကျောင်းလွှတ်ပူဇော်ပွဲနှင့် “ဂုဏဝိသေဋ္ဌပူဇာ” အကြိုဓမ္မသဘင်ကို ယမန်နေ့ ည(၁၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပဓာနိကာရာမ ကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း
Jan 13,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်၁၀နာရီ အချိန်က အ.မ.က(မူလွန်) နတ်စဉ်ကုန်းနှင့် မွန်းလွဲပိုင်းအချိန်က အ.မ.က(မူလွန်) ပုဏ္ဏစုကျောင်းများသို့ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။