ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ - ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊သစ်ပင်များစိုက်ပျိုးခြင်းဖြင့်ဒေသတွင်းအပူချိန်လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ် ပေါ်စေရေး၊သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့်ရေ၊မြေရာသီဥတုထိန်းသိမ်းရန်နှင့်ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက သဖန်းကိုင်းကျေးရွာအုပ်စု မင်းလမ်း-စက်တုံး ကျေးရွာချင်းဆက်လမ်းဘေး၊ရှားပြင်ကြိုးဝိုင်း၊အကွက်အမှတ်-၁၇ ၌ ကျင်းပခဲ့သည်။