ရွှေတောင်မြို့၌ ၂၀၂၂-ခုနှစ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရွှေတောင် မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနပိုင်၊ တရုတ်မှော်သစ်တောကြိုးဝိုင်းရှိ အကွက်အမှတ် (၂၂)တွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီအကြို  သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန ဌာနဆိုင်ရာများ၊ ပြည်ရေနံ‌မြေဌာန ဝန်ထမ်းများ၊ တရုတ်မှော် နယ်မြေ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊

ကျွဲတလင်း‌ကျေးရွာအုပ်စု၊ တံဘူစား‌ကျေးရွာအုပ်စု၊ ဆိတ်ကြီး‌ကျေးရွာအုပ်စု၊ကွေ့မ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အင်အား (၁၁၅) ဦးခန့်က ကျွန်းပင် (၅၀)ပင်၊ ပိတောက်ပင် (၄၀)ပင်၊ ယူကလစ်(၁၀)ပင်၊ မယ်ဇလီ (၃၀)ပင်၊ ကံ့ကော် (၁၀)ပင်၊ တမာပင် (၁၀) ပင်၊ ပျိုးပင်ပေါင်း (၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်