ပြည် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေးနှင့် ဒေသတွင်း အပူချိန်လျော့ကျလာစေပြီး သစ်တောသစ်ပင်ကာကွယ်ထိန်းသိမ်းရေးတို့အတွက် မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ အောင်မြင်ဗာဟုဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈နာရီက မိုးရာသီအကြို သစ်ပင်စိုက် ပျိုးပွဲကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများ၊ မှော်ဇာကျေးရွာနှင့် မှုတ်ရှည်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ၊ အောင်မြင် ဗာဟု ဘုရားဂေါပကအဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်းအင်အား ၅၀ခန့်ဖြင့် ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ခရေနှင့် ဗန်ဒါ စသည့် သစ်ပင် ၂၂၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)