လျှပ်စစ်ဓါတ်အား စတင်ပို့လွှတ်ခြင်းနှင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်
May 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကင်မွန်းဒေါင့်ကျေးရွာနှင့် ဖြူကန်ကျေးရွာသို့ ယမန်နေ့နံနက် ၉ နာရီက ဓါတ်အားစတင်ပို့လွှတ်ခြင်းနှင့် ကင်မွန်းဒေါင့်ကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်စိုး၊ မြို့မစခန်းမှူး၊ မင်းတုန်းလျှပ်စစ်ဓါတ်အားခွဲရုံမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။