သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နွေရာသီမွန်တိုင်းရင်းသား ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
May 29,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း (ကရင်ပြည်နယ်)တို့ ကြီးမှူးကျင်းပသော နွေရာသီမွန်တိုင်းရင်းသား ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့် က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ သာသနာ့ဗိမာန်၌ ကျင်းပသည်။
အိမ်မဲမြို့နယ် ကွေ့တန်းအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝဲကြီးဝကျေးရွာအုပ်စု ကွေ့တန်းကျေးရွာတွင် အ.လ.က(ခွဲ)ကွေ့တန်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ငပုတောမြို့၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်နှင့် မြို့မစျေးအတွင်း စစ်​ဆေးခြင်းများဆောင်ရွက်
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၅ နာရီခွဲ အချိန်မှစတင်၍ ငပုတောမြို့အဝင်စစ်ဆေး‌ရေးဂိတ်နှင့် ​မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဟုမ္မလင်းမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 29,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီးအကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီအချိန်က ဟုမ္မလင်း ဝိဇ္ဇာ/သိပ္ပံ ကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ အင်ကြင်းစင်ကျေးရွာ ကွင်းအမှတ် ( ၄၀၂ B)တောင်သူဦးကျော်လွင်၏ နွေစပါး (၁၀)ဧက စိုက်ပျိုးထားရှိသော နယူးဧရာစပါးမျိုး (၁၀)ဧကတွင် (၆၆)ပေပတ်လည် စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 29,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက် အမှတ်(၂၇)၊ သီတာကန်အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော် ကသာမြို့ ပတ္တမြားရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးများအား ယမန်နေ့နံနက်ပိုင်း က အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့် သူများအား ဆက်လက်ထိုးနှံပေး
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုသတ်မှတ်ပြီး အသုတ်လိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။