မင်းဘူး မေ ၂၉
မင်းဘူးမြို့ရှိ ပွဲရုံများတွင် ပဲတီစိမ်းဈေး ၁၉ ပိဿာ တစ်တင်းလျှင် ၄၈၀၀၀ ကျပ်၊ ပိဿာ ၂၀ တစ်တင်းလျှင် ၅၀၅၀၀ ကျပ် ဈေးများဖြင့် ပွဲဦးထွက် ဈေးကောင်းရနေကြောင်း အမှတ် (၃) ပွဲရုံပိုင်ရှင် ဦးတင်မောင်ထွန်းထံမှ သိရသည်။
“ကျွန်တော်က ရေဆင်း (၁၄) မျိုးကို ဒီနှစ်မှစမ်းစိုက်တာဆိုတော့ နိုင်နိုင်နင်းနင်းဖြစ်အောင် (၃) ဧက ဘဲစိုက်ထားတာပါ။ ပေါ် ပေါ်ချင်း ၄၈၀၀၀/၅၀၀၀၀ ဆိုတော့ အဆင်ပြေပါတယ်ဗျာ။ ကုန်ကျစရိတ်ကတော့ တစ်ဧက ၄၀၀၀၀၀၊ ခန့်မှန်းပြီး၊ အထွက်နှုန်း တင်း ၄၀ ဘဲတွက်ထားပါတယ်။ အထွက်နှုန်းကတော့ ကျွန်တော်တို့ဆီက မြေနုကျွန်းတွေလေ။ ဆေးဖျန်းတာတို့ မြေဩဇာကျွေးတာတို့ နည်းနည်းဘဲ လုပ်ရတယ်။ ကျွန်တော့်အနေနဲ့ တစ်နိုင်တစ်ပိုင်သာ စိုက်ထားပေမဲ့ အထွက်နှုန်းလည်းကောင်း၊ ဈေးလည်းကောင်းလို့ အဆင်ပြေပါတယ်’’ဟု မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်ကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ကိုစိုးလင်းအောင်က ပြောသည်။
ဇေယျာထက်(မင်းဘူး)