သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်ပြီး နေအိမ်များပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
May 29,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မေ ၂၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ကာ နေအိမ်များ ပျက်စီးခဲ့သော ဝေးလံခေါင်ဖျားသော ကျေးရွာနှစ်ရွာရှိ  အိမ်ထောင်စုများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကသာမြို့တော်ခန်းမတွင် ကျင်းပသည်။
နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ပုညနိမ္မိတာရာမ (ရွှေသုဝဏ်) ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပ
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမ (ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းတိုက်၌ ဆင်ယင်ကျင်းပသည်။
ကော့ကရိတ်မြို့ ပြန်/ဆက်ဦးစီးဌာန၌ Physical Fitness Dance သင်တန်းဖွင့်လှစ်
May 29,2022
​​ကျောင်းသူ​၊ ကျောင်းသားများ ကာယညာဏ ဖွံ့ဖြိုးတိုးတက်​စေ​ရေးရည်ရွယ်၍ ကရင်ပြည်နယ်၊​ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ Community Certre တွင် ပညာ​ရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူး​ပေါင်း၍ Physical Fitness Dance သင်တန်းကို​ ယမန်​နေ့ည​နေ (၃)နာရီချိန်က ပြုလုပ်ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 29,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 29,2022
တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏၊ ဥတုရာသီ၊ တောကိုမှီ၏၊ ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု၊ သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏ ဆိုသည့်သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့်ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တော သစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုနေမှုအား ကာကွယ်ထိန်းသိမ်းနိုင်စေရေး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့ရှိ အမှတ်(၈၈) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချ
May 29,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အမှတ်(၈၈)ခြေလျင်တပ်ရင်း၊ အောင်စစ်သည်ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၉/၂၀၂၂)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၁၀/၂၀၂၂) သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ရုံးမှ သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။