မာန်အောင် မေ ၂၉
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အထက (ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်သိန်းလှိုင် က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်နိုင်မှ ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်နှင့် အညီ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ မာန်အောင်မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၁၈ ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာ မေလ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ (၂) ရက်ကြာ နေ့စဉ်နံနက် ၉နာရီမှ ညနေ၄နာရီထိ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)