ဟုမ္မလင်းမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဟုမ္မလင်း မေ ၂၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီးအကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီအချိန်က ဟုမ္မလင်း ဝိဇ္ဇာ/သိပ္ပံ ကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင်မဟော်ဂနီ (၂၀၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ ခရေ (၂၀၀)ပင်၊ ကံကော်(၂၀၀)ဗန်ဒါပင်(၅၀)၊ စွယ်တော်(၁၀၀)၊ ပိတောက်(၅၀)ပင်၊ စိန်ပန်း (၁၀၀)ပင်၊  ပျိုးပင် (၁ဝ၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ်မှ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)