အိမ်မဲ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝဲကြီးဝကျေးရွာအုပ်စု ကွေ့တန်းကျေးရွာတွင် အ.လ.က(ခွဲ)ကွေ့တန်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မင်္ဂလာအချိန်ကျရောက်သည့်အခါ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြောင်းမြခရိုင်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းဇော်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်းမြတ်စံ၊ စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ရဲမှူး မောင်မျိုးတို့က အဆိုပါ ကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျောင်းဆောင်သစ်ကဗ္ဗည်း မော်ကွန်းအား တာဝန်ရှိသူများက အမွှေးနံသာရည်များ ပတ်ဖျန်းပေးခဲ့သည်။
ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြောင်းမြခရိုင်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်မှ ကျောင်းကြီးဖွင့်လှစ်ရခြင်းအတွက် ကျေးဇူးတင်စ ကားပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်းဆောင်သစ်ကြီးမှာ ၂၀၂၀-၂၀၂၃ ဘဏ္ဍာရေးနှစ်နိုင်ငံတော်မှ ခွင့်ပြုရံပုံငွေ (၈၇.၅၉၆)ကျပ်သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီးကျောင်းမှာ (၁၂၀×၃၀)ပေ ရှိကာSteel Structure (၁)ထပ်ကျောင်းဆောင်သစ်အား AMN Engineer Co,Ltd မှတာဝန်ယူတည်ဆောက်ပြီး မတ်လ ၃၀ ရက်နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)