ရွှေတောင်မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ အင်ကြင်းစင်ကျေးရွာ ကွင်းအမှတ် ( ၄၀၂ B)တောင်သူဦးကျော်လွင်၏ နွေစပါး (၁၀)ဧက စိုက်ပျိုးထားရှိသော နယူးဧရာစပါးမျိုး (၁၀)ဧကတွင် (၆၆)ပေပတ်လည် စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်/ ညှိကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၈၅)ဦး ခန့်တက်ရောက်ခဲ့ကြပြီး တစ် ဧကအထွက်နှုန်းမှာ ( ၈၀. ၃၅) တင်းထွက်ရှိခဲ့ကြောင်းသိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)