ငပုတော မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၅ နာရီခွဲ အချိန်မှစတင်၍ ငပုတောမြို့အဝင်စစ်ဆေးရေးဂိတ်နှင့် မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ ရဲအုပ်ဦးအောင်လွင်ထွန်း၊ စားသုံးသူရေးရာတာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ လိုင်စင်မဲ့ယာဉ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ စီစစ်စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)