ဝမ်းတွင်း မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက် အမှတ်(၂၇)၊ သီတာကန်အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မူမြစော၊ ဖိတ်ကြားထားသော ဧည်သည့်တော်များထံ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သန်းက ပျိုးပင်များကိုပေးအပ်ခဲ့ပြီး တစ်ပျော်တစ်ပါး သစ်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ရခြင်းဖြင့် တောတောင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များကို ထိန်းသိမ်းစောင့် ရှောက်တတ်စေရန်၊ သစ်ပင်စိုက်လျှင် တို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၊ သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပစိမ်းမြမြ၊ သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ပြီး ဖိတ်ကြားထားသော ဧည်သည်တော်များမှ မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သက်တမ်း(၂)နှစ်သား၊ အမြင့်(၂) ပေနှင့် အထက်ကျွန်း(၁၀)ပင်၊တမာ (၁၀)ပင်၊ ယင်းမာ(၁၀)ပင်၊ မန်ကျည်း(၅၀) ပင်၊ မယ်ဇလီ (၂၀)ပင်၊ ယူကလစ်(၅၀)ပင်၊ စုစုပေါင်းသစ်မျိုး(၁၅၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ညိုကျေးရွာ၊ တောင်ဆည်ကျေးရွာ၊ သံဘိုကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့များ၊ ဒေသခံပြည်သူ(၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)