ဝမ်းတွင်း မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ကာသတ်မှတ်ထားသော စုရပ်များနေရာများ အလိုက်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
Covid19ရောဂါကာကွယ်ဆေး FirstDose၊ SecondDose၊ BoosterDose ထိုးနှံပေးခြင်းများဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သော ဒေသခံပြည်သူ(၈၈၉)ဦးအား Covid19ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်းသိရ သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)