ကြာအင်းဆိပ်ကြီး မေ ၃၀
စားသုံးမှုများပြီး လူကြိုက်များသည့် ရာသီပေါ်အစားအစာ နှစ်ရှည်ပင်သီးနှံဒူးရင်းသီးသည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုမိုးဦးကျကာလ၌ စတင်၍လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ အဆိုပါနှစ်ရှည်သီးနှံပင် ဒူးရင်း ပင်သည် ရာသီဥတုနှင့်သဘာဝတောတောင် ရေမြေအနေအထားအရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သ ဘာဝအတိုင်း တောတောင်ခြံမြေများ၌ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်ဒူးရင်းသီး သီးနှံပေါ်ချိန်တွင် ဒေသခံဒူးရင်းခြံရှင်တောင်သူများဝင်ငွေများစွာရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါဒူးရင်းသီးများမှာ ယခင်နှစ်ကအသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ် (၂၀၀၀)ကျပ်မှ(၆၀၀၀)ကျပ်ဈေး နှုန်းဖြင့် ရောင်းဝယ်မှုရှိပြီး ယခုနှစ်တွင် ဒူးရင်းသီးတစ်လုံးလျှင် အသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျင် ငွေကျပ်(၂၅၀၀ ) ကျပ်မှ (၇၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး ကျေးရွာများမှ ဒေသခံတောင်သူဒူးရင်းခြံရှင်များ မြို့အတွင်းသို့ သယ် ဆောင်၍ လာရောက်ရောင်းချသည့်အခါ၌ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးရရှိနိုင်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒူးရင်းသီးမှာ တောတောင်ခြံများအတွင်း သဘာဝအတိုင်းတာ စိုက်ပျိုးရှင်သန်ကြီးထွားဖြစ် ထွန်းမှုကြောင့် စားသုံးသူများစွာကြိုက်နှစ်သက်လေ့ရှိပြီး နှစ်စဉ်ရောင်းဝယ်မှုများ ပိုမိုအားကောင်းလျက်ရှိသည်။ အဆိုပါဒူးရင်း သီးများကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ခြံရှင်တောင်သူများမှ မြို့အတွင်းသို့သယ်ဆောင်၍ လာရောက်ရောင်းချခြင်းနှင့် ဒေသခံသီးနှံကုန်ရောင်းဝယ်သူကုန်သည်များမှ ဒူးရင်းခြံသို့ သွားရောက်ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်း အ ခြားသောတိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်များမှ သီးနှံရောင်းဝယ်သူကုန်သည်များမှလည်း နှစ်စဉ်လာရောက်၍ ဝယ်ယူ သယ်ဆောင်လေ့ရှိကြောင်း သိရသည်။
မျိုးမင်းဦး