သထုံ မေ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတများတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ယမန်နေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစုပေါင်းတစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ငါးမျိုးစိုက်ထည့်ရာတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဦးမင်းမင်းနှင့်ဝန်ထမ်းများ၊ ငါးလုပ်ငန်းစခန်း (သထုံ)မှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သားများက ငါးသားဖောက်စခန်း(သထုံ)မှထုတ်လုပ်သည့် နှစ်လက်မနှင့်အထက်အရွယ်အစားရှိ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်းတစ်မျိုးလျှင် ကောင်ရး (၅၀၀၀၀)စီ၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)ကို ဒုံသမိမြစ်အတွင်းသို့ စုပေါင်းမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)