လားရှိုး မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ လားရှိုး၊သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ၊ သီပေါ၊ ကျောက်မဲမြို့နယ်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ စုစုပေါင်း (၄၅၆၆)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၈.၄)သန်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း(၆.၂)သန်း စုစုပေါင်း(၁၄.၆)သန်း ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ပထမ မိုးပွင့်စီမံချက်ဖြင့် (၂.၉)သိန်း၊ ဒုတိယစီမံချက်ဖြင့် (၂.၇)သိန်း၊နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း (၅.၆)သိန်း ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်ပေါင်း (၁၉)မြို့နယ်တွင် ဆောင်ရွက်ပေးရန် (၃၂၈၅၂၃)ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ(၁၆)ရက်နေ့မှာ လျာထားချက် အားလုံး အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသက်မပြည့်မီလာ သူများမြေပြင်တွင် အမှန်တကယ် ဆောင်ရွက်ရန် ကျန်ရှိနေသူများကို လည်းစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ယခုလို ပန်းခင်းစီမံချက်များအောင်မြင်အောင် ဆောင်ရွက်နိုင်မှုသည် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် အတူတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်ရသည်ဖြစ်သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ၊ သီပေါ၊ ကျောက်မဲမြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသံပြည်သူများ စုစုပေါင်း(၄၅၆၆)ဦး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကပေးအပ်ရာ ဒေသခံပြည်သူအသီးသီးမှလက်ခံရယူကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသောနိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးစီးမှု မှတ်တမ်း ဓါတ်ပုံများအား လှည့်လည်ကြည်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)