ပေါက်ခေါင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပေါက်ခေါင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ခရိုင်ပညာ‌ရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်ခင်သက်မူနှင့် ပေါက်ခေါင်းမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးအေးလှိုင်တို့က ကျောင်းအပ်နှံရေးနေ့ လုပ်ငန်းအကြောင်းအရာများကို အသီးသီးရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်မှ အခြေခံပညာကျောင်းများသို့ အခမဲ့ပေးဝေသည့် ကျောင်းသုံးဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ် ပညာရေးမှူး ဦးအေးလှိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)