ပိုင်ကျုံ မေ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက်၂နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာရေးကောင်းမွန်စေရန်နှင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က ယမန်နေ့နံနက်(၉) နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးရာတွင် မွေးစမှ အသက်၂နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများ ဆက်လက်တိုက်ကျွေးထိုးနှံ ပေးလျက်ရှိခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် အသက်၂ နှစ်အာက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မေလ ၂၈ ရက်နေ့မှ မေလ၂၉ ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ အသက် ၂ နှစ်အောက်ကလေးငယ်များ ၁၇၇ ဦး နှင့် ကိုယ်ဝန်ဆောင်မိခင်များ ၅၅ ဦး စုစုပေါင်း ၂၃၂ ဦးကို ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)