အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အုတ်ဖို ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၀)ကျောင်း၊ မူလတန်းကျောင်း(၁၂၁)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း စုစုပေါင်း (၁၈၅)ကျောင်းတွင် ကျောင်းအပ်နှံထားရှိသူ(၁၆၆၃၀)ဦးထိရှိကြောင်း မြို့နယ်ပညာရေးမှူးဦးကိုကိုမောင်ထံမှ သိရသည်။

အောင်သူ