မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား

မင်းလှ ဇွန် ၂  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  (Kg)အတန်းမှ ဧကာဒဿမတန်းအထိ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ကာအေးချမ်းစွာ ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်(ထက်၊ လယ်၊ မှု) အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းရှိပြီး ယနေ့တွင်ဆရာ၊ ဆရာမပေါင်း(၁၁၆၈)ဦးတို့က တတ်ရောက်ကျောင်းသား၊ ကျောင်းသူပေါင်း(၁၈၆၁၅)ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသားများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)