ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ (၈၁၁၅)ဦးရှိပြီဖြစ်
Jun 02,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ ၂၆ရက်မှ ယမန်နေ့အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြရာ ယမန်နေ့အထိ ပခုက္ကူမြို့နယ်တွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၈၁၁၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။