ဆိပ်ကြီးခနောင်တို ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိသော်လည်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန်စက်တပ်ရေယာဉ် (သမ္ဗန်)ဂိတ်အနီးတွင် ရန်ကုန်မြို့ထဲသို့ သွားရောက်အလုပ်လုပ်ရာမှ ပြန်လာကြသူများ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာသည့် မြို့နယ်နေပြည်သူများအား မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask အခုရေ ၁၅၀၀ အား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျတပ်ဆင်ရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)