မြင်းခြံ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၆)ကျောင်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား/သူများမှာ မူလတန်းအဆင့် ကျောင်းသား/သူ ၆၇၆၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၈၂၇ ဦး၊ အထက်တန်းအဆင့် ၄၇၀ ဦး စုစုပေါင်း ၉၀၅၈ ဦး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၂၄)ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၁၁၃၄ ဦး၊ အလယ် တန်းအဆင့် ကျောင်းသား/သူ ၁၁၇ ဦး စုစုပေါင်း ၁၂၅၁ ဦး၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၁၄၀ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀ ဦး၊ အထက်တန်းအဆင့် ၁ ဦး စုစုပေါင်း ၁၅၁ ဦး အပ်နှံခဲ့ကြသည်။ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/သူဦးရေ (၁၀၄၆၀) ဦး ကျောင်းအပ်နှံခဲ့ကြပြီး ယနေ့ဇွန်လ (၁) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတွင် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)