သာပေါင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ် လကုန်ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဌာနဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ မှန်ကန်ရေး၊ မှတ်တမ်းမှတ်ရာများ စနစ်တကျ ထားရှိရေး၊ ၂.၆.၂၀၂၂ ရက်နေ့ ကျောင်းဖွင့်မည်ဖြစ်၍ ဌာနအကြီးအကဲများ တာဝန်ပေးထားသည့် ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ရန်၊ တစ်ပြိုင်တည်း ကာကွယ်ဆေးထိုးနှံမည်ဖြစ်၍ လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်တိုးမြင့်အဖွဲ့များ မိုးစပါးနွေစပါး ဆောင်းသီးနှံ၊ ပဲမျိုးစုံများတောင်သူတစ်ဦးချင်း စိုက်ဧက တာဝန်ပေးရန်၊ မွေးမြူရေးအတွက်လည်း မွေးကုဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ရန်၊ အထက်ဌာနမှ စာရင်းဇယားများ တောင်းပါက အချိန်မီ ပြုစုပေးပို့ရန်တို့ကို မှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား အသေးစိတ် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်