လွိုင်လင် ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစ၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းစင်၍ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရန် အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသား/သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှအဖွဲ့ခွဲ၍ မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်အုပ်စု၊ ကျေးရွာအုပ်စုတို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းများမှ ဆရာ/ ဆရာမများနှင့် ပူးပေါင်း၍ သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
အယ်မင်း(လွိုင်လင်)