ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် သွေးလွန်တုပ်ကွေးအကြောင်း  သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ရွှေဘို ဇွန် ၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့‌နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်‌​ထောက်ညွှန်ကြား‌​ရေးမှူး ဒေါ်‌​အေးမြမွန်က မိုးရာသီရောက်ရှိလာ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် Talk Show ပြုလုပ်ရခြင်းဖြစ်‌​ကြောင်း ရှင်းလင်းပြောကြားပြီး ရွှေဘိုခရိုင်၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ခရိုင်အမှုဆောင် ဦးနိုင်ဦးက မိုးရာသီရောက်ရှိလာ၍ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ပေါ့ဆမနေသင့်ကြောင်း ပြောကြားပြီး ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများကို အကျယ်တဝင်း ရှင်းလင်းပြောကြားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုခရိုင်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုကို အသိပညာပေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)