မိုင်းယုမြို့ရှိ ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

မိုင်းယု ဇွန် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဆမ်မိန်းထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော် များကို ယနေ့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းသို့ ဆက်ကပ်လှူဒါန်းရာတွင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာများပါဝင်ပြီး ဆန်၊ ဆီနှင့် အခြားစားကုန်များအား  ဆမ်မိန်းကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဘုန်းတော်ကြီးကျောင်းများအလိုက် ဆွမ်းဆန်တော်များ လစဉ်ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အားချာ