ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးဆွေးနွေးပွဲသို့ နေပြည်တော် ကောင်စီဝင်အဖွဲ့ဝင်ဉီးဇေယျာလင်းတက်ရောက်အမှာစကားပြောကြား

ဥတ္တရသီရိ ဇွန် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်နေကြသည့် တောင်သူများအတွက်  မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနေလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့လယ်ယာ မြေများကို အထွက်နှုန်းပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာစေရေးအတွက် ကြိုးစားလုပ်ကိုင်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များ တောင်သူများလက်ဝယ်ရောက်ရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ သွင်းအားစုများထည့်သွင်းအသုံးပြုရာတွင် နည်းစနစ်မှန်ကန်စေရေးအတွက် ကွင်းဆင်းပညာပေးခြင်းတွေကို ဆောင်ရွက်ပေးဖို့အရေးကြီးပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူ များ၏လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာကဏ္ဍများအလိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားသည်။

ဆက်လက်၍ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမျိုး၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ နေပြည်တော်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေ၊‌ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ညိုညိုအေး၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါ်မိုးအေး၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ယုယုအေးတို့က  ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြော ကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်တောင်သူများက မိမိတို့ကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ စိုက်ပျိုး ရေးမွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                             

ကျော်စွာဟိန်း(ပြန်/ဆက်)