သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၆၆၅၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး
Jun 07,2022
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေအထိ မြို့နယ်အတွင်း အခြေခံပညာမူလတန်း၊ မူလတန်းလွန်နှင့် အလယ်တန်း‌ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူ (၆၆၅၅)ဦးတို့အား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံရှေး ဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က  မြို့နယ် လူထုအခြေ ပြုဗဟိုဌာန Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီနှင့် ကြက်ဥများ လာရောက်ရောင်းချပေး
Jun 07,2022
ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်ရောင်းချမှုဖြင့် ယနေနံနက် ၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ရှေ့တွင် ဆန်၊ ဆီ ကြက်ဥများ လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများပေးအပ်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ဇောတိကရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကို
မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက် မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Jun 07,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄) ရပ်ကွက်တွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။