ချမ်းမြသာစည်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ချမ်းမြသာစည်   ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံရှေး ဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကချမ်းမြသာစည် မြို့နယ်ကြက်ခြေနီအသင်းသို့ သင်‌ထောက်‌ကူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကြက်‌ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးမြင့်သိန်းကလက်ခံရယူခဲ့သည်။ ထို့‌နောက်သင်တန်းဆင်းလက်မှတ်များကို မန္တလေးတိုင်း‌ဒေသကြီး၊ တိုင်းတပ်ဖွဲ့မှူးဦးကျော်ကျော်က ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားတစ်ဦးကလက်‌ကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ဆေးအိတ်နှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းကလည်း‌ကောင်း လက်ခံရယူခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၀င်များ၊ တိုင်းတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းနှင့်အတူ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)