သတင်းများ

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 07,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပပြုလုပ်သည်။
ငွေသဇင်ဖောင်ဒေးရှင်း ပထမအကြိမ် စာပေဆုချီးမြှင့်ပွဲ ကျင်းပ
Jun 07,2022
ရခိုင်ပြည်နယ်၊ ဒွါရာဝတီ သံတွဲမြို့ ငွေသဇင်ဖေါင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် ပထမအကြိမ် ငွေသဇင်စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက သံတွဲမြို့ အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရင်းဘိုင်းကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအုပ်စု နွေနှမ်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအား ကြည်ရှုအားပေး
Jun 07,2022
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတည်ရှိရာ မန်းရွှေစက်တော်(၈)မိုင် အဝင်လမ်းအား သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ၍ စိမ်းလန်းစိုပြေစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် အပူဒဏ်မှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုအား လျော့နည်းသက်သာစေရေး၊ အများပြည်သူတို့မှ သစ်တောသစ်ပင်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိမြင်နိုင်စေရန် ရည်ရွယ်၍ ရွှေစက်တော်ဒေသ စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပွဲကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲသို့ တက်ရောက်၍ ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမည့် ခရေ၊ ရေတမာ၊ မယ်ဇယ်၊ သပြေဘူတ၊ ဖျောက်ဆိပ်၊ ယင်းမာနှင့်တမာ စသည့် သစ်ပင် ပေါင်း(၅၀၀)အား မန်းရွှေစက်တော်(၈)မိုင်လမ်း ဆင်စခန်းအနီး မြေကွက်လပ်တွင် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
ရှမ်းရွာသစ်မြို့၊မဲသမူးကျေးရွာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို သင်တန်းများပို့ချ
Jun 07,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြိုနယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်မြင့်မား​စေရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ဇွန်လ၄ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကိုယ်ကာယလေ့ကျင့်ခန်း သင်ခန်းစာကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရော်ဘာပျိုးပင်နှင့် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Jun 07,2022
၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာပင်အိုခုတ်လှဲ ခွင့်ရ တောင်သူများအား အထွက်ကောင်း ရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။